မြွေပွေး - Eastern Russell's viper

သိပ္ပံနာမည် - Daboia siamensis

မျိုးရင်း - Viperidae

အဆိပ်ရှိ/မရှိ
အဆိပ်ပြင်း
အဆိပ် အမျိုးအစား
Haemotoxin, Neurotoxin
အကျိုးဆက်
မြွေပွေး အဆိပ်သည် Neurotoxin ဖြစ်သောကြောင့် ဦးနှောက်တွင် သွေးခဲစေသော ပစ္စည်းများထုတ်လုပ်မှုကို အနှောက်အယှက်ပေးသည်။ ထို့ကြောင့် ခန္ဓာကိုယ်​၏ သွေးခဲမှု ဖြစ်စဉ်ကို နှောက်ယှက်ကာ ခန္ဓာကိုယ် အတွင်း သွေးယိုစိမ့်မှုကိုဖြစ်စေသည်။ ဆက်လက်ပြီး ဦးနှောက်နှင့် အစာအိမ်အူလမ်းကြောင်းတွင် သွေးယိုစိမ့်မှုဖြစ်ပေါ်လာပါက အချိန်တိုအတွင်းမှာလျှင်ပင် အသက်ဆုံးရှုံးရနိုင်သည်။ ထို့အပြင် မြွေပွေးကိုက်ခံရသော ဖြစ်စဉ် အများစုတွင် ကျောက်ကပ်ပျက်ဆီးခြင်းသည် အဖြစ် အများဆုံးဖြစ်သည်။
​အဆိပ်ဖြေဆေး
Haffkine polyvalent antivenom (Injection)
ကျက်စားရာနေရာများ
လယ်ကွင်းများနှင့် သစ်တောများတွင် ကျက်စားလေ့ရှိပြီး ကြွက်၊ ဖားနှင့် တခြား တွားသွားသတ္တဝါ အများကို စားသောက်လေ့ရှိသည်။
တွေ့ရှိရသော ဒေသများ
တရုတ် နှင့် အရှေ့တောင် အာရှနိုင်ငံများ
Daboia siamensis

ငန်းတော်ကြား - Banded Krait

သိပ္ပံနာမည် - Bungarus fasciatus

မျိုးရင်း - Elapidae

အဆိပ်ရှိ/မရှိ
အဆိပ်ပြင်း
အဆိပ် အမျိုးအစား
Neurotoxin
အကျိုးဆက်
ငန်းတော်ကြား အဆိပ်သည် Neurotoxin ဖြစ်ပြီး အကိုက်ခံရပါက အသက်ရှူမှု ဖြစ်စဉ်ကို အနှောက်အယှက်ဖြစ်စေကာ အသက်ရှူကြပ်ပြီး အသက်ဆုံးရှုံးရသည်အထိ ဖြစ်နိုင်သည်။ ထို့အပြင် ကျောက်ကပ်လည်း ပျက်စီးစေနိုင်သည်။ မူးဝေခြင်း၊ အော့အံခြင်း၊ ဝမ်းလျှောခြင်းနှင့် ဗိုက်နာခြင်းများလည်း ဖြစ်တတ်သည်။
​အဆိပ်ဖြေဆေး
Antivenin (Injection)
ကျက်စားရာနေရာများ
လယ်ကွင်းများနှင့် သစ်တောများထဲတွင် တွေ့ရတတ်သည်။ ကျေးလက်ဒေသများ အနီး ကွင်းပြင်များထဲတွင် တွေရများသည်။
တွေ့ရှိရသော ဒေသများ
အိန္ဒိယနှင့် အရှေ့တောင် အာရှနိုင်ငံများ
Bungarus fasciatus

မြွေစိမ်းမြီးခြောက် - Trimeresurus species

သိပ္ပံနာမည် - Trimeresurus_sp

မျိုးရင်း - Viperidae

အဆိပ်ရှိ/မရှိ
အဆိပ်ပြင်း
အဆိပ် အမျိုးအစား
Hemotoxin
အကျိုးဆက်
မြွေစိမ်းမြီးခြောက် ကိုက်ခံရပါက အကိုက်ခံရသည့် ဒဏ်ရာမှ ပြင်းပြင်းထန်ထန် နာကျင်ပြီး ရောင်ရမ်းလာတတ်သည်။ ထို့အပြင် အသက်ရှူရခက်ခဲလာတတ်ပြီး နှလုံးခုန် မမှန်ခြင်းကဲ့သို့သော ရောဂါ လက္ခဏာများ ဖြစ်လာတတ်သည်။
​အဆိပ်ဖြေဆေး
CroFab (Injection)
ကျက်စားရာနေရာများ
အပူပိုင်း နှင့် သမပိုင်းဇုန် သစ်တောများထဲတွင်တွေ့ရှိရတတ်သည်။
တွေ့ရှိရသော ဒေသများ
အိန္ဒိယနှင့် အရှေ့တောင် အာရှနိုင်ငံများ
Trimeresurus_sp

လည်ပင်းနီမြွေ - Heller Red necked keelback

သိပ္ပံနာမည် - Rhabdophis helleri

မျိုးရင်း - Colubridae

အဆိပ်ရှိ/မရှိ
အဆိပ်ပျော့ရှိ
အဆိပ် အမျိုးအစား
Neurotoxins
အကျိုးဆက်
ဦးနှောက် သွေးယိုစိမ့်မှုနှင့် ကျောက်ကပ်ပျက်စီးမှုများ ဖြစ်နိုင်သည်။
​အဆိပ်ဖြေဆေး
-
ကျက်စားရာနေရာများ
အင်း၊ အိုင်များ အနီးတွင် တွေ့ရလေ့ရှိပြီး ငါးနှင့် ဖားများကို အဓိက စားသောက်လေ့ရှိသည်။
တွေ့ရှိရသော ဒေသများ
အရှေ့တောင်အာရှနိုင်ငံများး
Rhabdophis helleri

တောကြီးမြွေဟောက် - King Cobra

သိပ္ပံနာမည် - Ophiophagus hannah

မျိုးရင်း - Elapidae

အဆိပ်ရှိ/မရှိ
အဆိပ်ပြင်း
အဆိပ် အမျိုးအစား
Neurotoxins
အကျိုးဆက်
တောကြီးမြွေဟောက် အဆိပ် သည် အဆိပ်အပြင်းဆုံးမြွေဆိပ်တစ်မျိုးဖြစ်ပြီး ဗဟိုအာရုံကြောစနစ်ကို အဓိက အနှောက် အယှက်ပေးသည်။ အကိုက်ခံရပါက ပြင်းထန်စွာ နာကျင်မည့်အပြင် မူးဝေခြင်း၊ အမြင်အာရုံဝေဝါးခြင်း နှင့် အကြောသေခြင်းအထိဖြစ်နိုင်သည်။ နှလုံးခုန်ရပ်ကာ ကိုမာဝင်သွားနိုင်သည်။ အသက်ရှူစနစ်ပျက်စီးကာ အသက်သေဆုံးသည်အထိဖြစ်နိုင်သည်။
​အဆိပ်ဖြေဆေး
Polyvalent antivenom
ကျက်စားရာနေရာများ
မိုးသစ်တောများ မြစ် ချောင်းများထဲတွင် တွေ့ရတတ်သည်။
တွေ့ရှိရသော ဒေသများ
အိန္ဒိယ နှင့် အရှေ့တောင်အာရှနိုင်ငံများ
Ophiophagus hannah

မြွေဟောက် - Cobra

သိပ္ပံနာမည် - Naja kaouthia

မျိုးရင်း - Elapidae

အဆိပ်ရှိ/မရှိ
အဆိပ်ပြင်း
အဆိပ် အမျိုးအစား
Neurotoxins
အကျိုးဆက်
မြွေဟောက်အဆိပ်သည် အသက်ရှူစနစ်ကို အဓိက ထိခိုက်စေသည်။ ထို့အပြင် ကြွက်သားများ ပျက်စီးကာ ကြွက်သားအာရုံကြော အဖွဲ့အစည်းကိုပါ ပျက်စီသွားစေနိုင်ပြီး အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်သည်။
​အဆိပ်ဖြေဆေး
antivenom
ကျက်စားရာနေရာများ
လယ်ကွင်းများနှင့် သစ်တောများထဲတွင်တွေ့ရလေ့ရှိသည်။
တွေ့ရှိရသော ဒေသများ
အိန္ဒိယ နှင့် အရှေ့တောင်အာရှနိုင်ငံများ
Naja kaouthia

ဂျပ်မြွေ/ ပင်လယ်မြွေ - Sea Snake

သိပ္ပံနာမည် - Laticauda colubrina

မျိုးရင်း - Elapidae

အဆိပ်ရှိ/မရှိ
အဆိပ်ရှိ
အဆိပ် အမျိုးအစား
Neurotoxins
အကျိုးဆက်
ဂျပ်မြွေအကိုက်ခံရပါက မူးဝေခြင်းနှင့် Central cyanosis များဖြစ်နိုင်သည်။ ဒဏ်ရာပြင်းထန်ပါက အသက်ရှူစနစ်ကို အနှောက် အယှက် ဖြစ်စေနိုင်သည်။
​အဆိပ်ဖြေဆေး
antivenom
ကျက်စားရာနေရာများ
လယ်ကွင်းများနှင့် သစ်တောများထဲတွင်တွေ့ရလေ့ရှိသည်။
တွေ့ရှိရသော ဒေသများ
အရှေ့ အိန္ဒိယ သမုဒ္ဒရာ နှင့် အနောက် ပစိဖိတ် သမုဒ္ဒရာ ကမ်းရိုးတန်းဒေသများတွင် တွေ့ရများသည်။
Laticauda colubrina

ရေမြွေဗြောက်မ - Checkered Keelback

သိပ္ပံနာမည် - Fowlea piscator

မျိုးရင်း - Colubridae

အဆိပ်ရှိ/မရှိ
အဆိပ်မရှိ
အဆိပ် အမျိုးအစား
-
အကျိုးဆက်
-
​အဆိပ်ဖြေဆေး
-
ကျက်စားရာနေရာများ
မြစ်၊ ချောင်း၊ အင်း၊ အိုင်များ
တွေ့ရှိရသော ဒေသများ
အရှေ့နှင့် အရှေ့တောင်အာရှနိုင်ငံများ
Fowlea piscator

မြွေဝံပုလွေ - Wolf Snake

သိပ္ပံနာမည် - Lycodon aulicus

မျိုးရင်း - Colubridae

အဆိပ်ရှိ/မရှိ
အဆိပ်မရှိ
အဆိပ် အမျိုးအစား
-
အကျိုးဆက်
-
​အဆိပ်ဖြေဆေး
-
ကျက်စားရာနေရာများ
လယ်ကွင်းများနှင့် သစ်တောများထဲတွင်တွေရတတ်သည်။
တွေ့ရှိရသော ဒေသများ
တောင်နှင့် အရှေ့တောင်အာရှနိုင်ငံများ
Lycodon aulicus

ထန်းမြွေ - Golden Tree Snake

သိပ္ပံနာမည် - Chrysopelea ornata

မျိုးရင်း - Colubridae

အဆိပ်ရှိ/မရှိ
အဆိပ်မရှိ
အဆိပ် အမျိုးအစား
အဆိပ်ပျော့ရှိသော်လည်း လူကို အန္တရာယ်မဖြစ်စေနိုင်။
အကျိုးဆက်
-
​အဆိပ်ဖြေဆေး
-
ကျက်စားရာနေရာများ
သစ်ပင်များပေါ်တွင်တွေ့ရများသည်။
တွေ့ရှိရသော ဒေသများ
တောင်နှင့် အရှေ့တောင်အာရှနိုင်ငံများ
Chrysopelea ornata